Chak de! Inida 2007 (မြန်မာစာတန်းထိုး)

Written By yelinnmyanmar on Friday 20 January 2017 | 08:15


ကျွန်တော်တို့ gc team ကြီးကပရိသတ်ကြီးတွေ ဘာကြိုက်တက်တာလဲဆိုတာ ဗေဒင်မေးစရာမလိုပဲ သိနေတယ်လေ ဒါကြောင့်လည်း up to dateကားများhot seriesများကိုအချိန်နဲတပြေးညီတင်ဆက်ပေးပြီး bollywoodကားများကိုလည်း ကားကောင်းလေးများရွေးပြီးပြန်တင်ပေးနေတာ ပရိသတ်ကြီးလည်း အသိဖြစ်မှာပါ။ ခုပရိသတ်ကြီး လုံးဝကြိုက်စေမယ် bollyကားကောင်းတခု တင်ဆက်ပေးလိုက်ပြန်ပါပြီ။ imbd8.4 rotten 92%ထိရထားပြီး bollywoodဘုရင်လိုတင်စားခေါ်ရလောက်တဲ့ မင်းသားကြီး shah Rukh Khanမို့ ကားကောင်းတခုဖြစ်တယ်ဆိုတာပြောစရာလိုလောက်ပါဘူးနော်။
ဇာတ်လမ်းအဖွင့်မှာတော့ အိန္ဒိယအသင်းနဲ့ပါကစ္စတန်အသင်းတို့ ကမ္ဘာ့ဟော်ကီချန်ပီယံရှစ်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေကြပုံများနဲ့စတင်ထားပါတယ် ပါကစ္စတန်အသင်းဟာ အိန္ဒိယအသင်းကို ၁ ဂိုးနဲ့အနိုင်ရနေပြီး ကစားနေရင်းဖောင်းဖြစ်သွားလို့ အိန္ဒိယအသင်းအတွက် ပယ်နတီရသွားပါတယ် ဒီပယ်နတီဘောကို အသင်းခေါင်းဆောင်ကဘီးခန်းကသွင်းယူခဲ့ရာမှာ လွဲချော်ခဲ့ပါတယ်။ ပါကစ္စတန်ကိုရှုံးခဲ့တာကြောင့် အိန္ဒိယပြည်သူတွေဟာ ကဘီးခန်းကို ဒေါသတွေထွက် စိတ်နာခဲ့ကြတယ်။ အဲဒီမှာပဲ ကဘီးခန်းဟာ ဟော်ကီလောကကနေ ၇ နှစ်ကြာ ပျောက်သွားခဲ့တယ်။ ၇ နှစ်ကြာပြီးတဲ့အခါမှာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့ အိန္ဒိယအမျိုးသမီးဟော်ကီအသင်းအတွက်နည်းပြလုပ်ဖို့ပြန်ရောက်လာခဲ့တယ်။ မတူညီတဲ့ဒေသ မတူညီတဲ့စိတ်ထားအမျိုးမျိုးနဲ့ လက်ရွေးစင် ၁၆ ယောက်ကို နည်းပြကဘီးခန်းတစ်ယောက် ဘယ်လိုလေ့ကျင့်ပေးမလဲ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ဘယ်လိုတွန်းအားပေးမလိုဆိုတာကိုတော့ Chak De ဇာတ်ကားလေးမှာစောင့်ကြည့်ကြပါလိုပ တိုက်တွန်းလိုက်ရပါတယ်။ [ရွှင်လမ်းချမ်းမြေကြပါစေ]
Quality : 720p HD
Review: Hein Min Htet & Phyo Thant
Translated by: Phyo Thant
Encoded by: Hein Min Htet
ကြည့်ရန်နှင့်downloadလုပ်ရန်အောက်မှာနှိပ်ပါ
သူငယ်ချင်းတွေနဲ့အတူတူကြည့်ရအောင် facebook ပေါ်မှာ share သွားလိုက်အုံးနော်

0 comments:

Post a Comment

Photobucket
Powered by Blogger.