Seed of Chucky (2004) မြန်မာစာတန်းထိုး

Written By yelinnmyanmar on Thursday, 19 January 2017 | 07:48


 ကြည့်ဖူးတဲ့ ကလေးတိုင်းရဲ့ ငယ်စဉ်အိပ်မက်ဆိုးတွေမှာစိုးမိုးထားတဲ့ ဆံပင်နီ အရုပ်သရဲ ဇာတ်လမ်းပါ.။ Bride of Chucky (1998)ဇာတ်လမ်းရဲ့ အဆက်ဖြစ်ပြီး ဒီအပိုင်းမှာတော့ အရုပ်သရဲ Chucky နဲ့ သူ့ဇနီးဖြစ်သူ ၂ နှစ်ပေါင်းသင်းပြီးမွေးဖွားလာခဲ့တဲ့ Glen ဆိုတဲ့ မိစ္ဆာအရုပ်ကလေးဟာ နုံနုံအအ ဆပ်ကပ်ထဲမှ အကာင်လေးအနေနဲ့ ရုံသွင်းပြစားခံနေရပါတယ်။ ဆပ်ကပ်ဆရာရဲ့ အနှိပ်စက်ခံအဖြစ်မှ ရှင်သန်နေထိုင်ရင်းမှ Glen ဟာသူ့ရဲ့ မိဘတွေဖြစ်သူတွေအကြောင်း ရုပ်ရှင်ရိုက်ကူးထားတယ်ဆိုတာ သိရာမှ တစ်ဆင့် မိဘတွေကို ရှာပုံတော်ထွက်ခဲ့ပါတော့တယ်.။ ထုံးစံအတိုင်း မိစ္ဆာမန္တာန်ကို အသုံးချကာ လူသားခန္ဒာကိုယ်ထဲကို ၀င်ရောက် ၀ိဥာဉ်ကူးပြောင်းဖို့ ကြံစည်နေတဲ့ Chuck အတွက် ထပ်တိုးလာတဲ့ သူ့ဇနီး နဲ့ သားဖြစ်သူအတွက်ပါ လူသား ခန္တာကိုယ်ကို ရှာဖွေပေးရပါတော့တယ်.။ ခါတိုင်းလို အရုပ်သရဲ တစ်ကောင်ထဲမဟုတ်ပဲ မိသားစုလိုက် အုံနဲ့ကျင်းနဲ့ကြီးဖြစ်တာကြောင့် ပိုလဲ ကြောက်ဖို့ ကောင်းသလို သတ်ဖြတ်ခန်းတွေကလဲ ရက်စက်လှပါတယ်.။ ခြောက်ခြားဖွယ်ရာရသ အပြည့်အ၀ကို ခံစားချင်ကြတယ်ဆိုရင်တော့ ဒီ Seed of Chucky (2004) ကိုကြည့်ရှု့ ကြဖို့ ညွန်းဆိုပေးချင်ပါတယ်.။
Translated by : Arkar Hein
Encoded by : Invoker

0 comments:

Post a Comment

Photobucket
Powered by Blogger.